ကန့်ဘလူ မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်သို့ အများပြည်သူ ဘုရားဖူးမြော်ကြည်ညိုရန် လာရောက်ကြရာတွင် စေတီတော်ပရဝုဏ်အတွင်း သန့်ရှင်း သာယာရေး နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့်အဖွဲ့က ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက မတ် ၂၆ ရက်နံနက် ၇ နာရီခန့်က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတီတော်ပရဝုဏ်အတွင်း တည်ထားကိုးကွယ်ထားသည့် ဗောဓိဘုရား ၄၁ဆူအားရေသပ္ပါယ်ခြင်း၊ ဘုရာပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မဟာရွှေစည်ကြီး စေတီတော် လှိုဏ်အတွင်းရှိ နှစ်ကျိတ်ရှစ်ဆူ ဆင်းတုတော်များ၊ မဟာရွှေစည်ကြီး သိမ်တော်နှင့် သာသနာ့ဗိမာန်တော်အတွင်းရှိ ဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်း လုပ်ငန်းများကို ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ဌာန ဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း အင်အား ၃၀၀ ခန့် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)