မိုင်းယု ဧပြီ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ပြည်သူများအား တပ်မတော်ဆေးတပ်ရင်းတပ်ဖွဲ့များနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ်ကို ဧပြီ ၁၀ ရက်နေ့က ရပ်ကွက်ရှိ ဘုန်ကြီးကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ နယ်မြေခံစခန်းမှူး ရဲအုပ်အောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းနှင့် မိုင်းယုမှ တပ်မတော်ဆေးတပ်ရင်းတပ်ဖွဲ့မှ ဆေးမှူးများနှင့် သူနာပြုများက တာဝန်ရှိသူများက သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ တာဝန်ရှိသူများက ကာကွယ်ဆေး၏ ဆောင်ရန်ရှောင်ရန်အချက်များကို ဟောပြောခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို မြို့ပေါ်ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုအတွင်းမှ ပြည်သူများကို စတင်ထိုးနှံပေးကြသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသော သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်း၊ ဆေးထိုးသူတို့မကျန်ရှိစေရေး၊ စနစ်တကျထိုးနှံနိုင်ရေးတို့ကို အဆင်ပြေစေရန် ထွေ/အုပ်နှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားတို့မှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)