တာချီလိတ်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

တာချီလိတ် ဧပြီ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကို ခရိုင်စုပေါင်းရုံးရှိ ဓမ္မာရုံ၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ပါလျံဘုံကျောင်းနှင့် ဟောင်လိတ်အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ လာရောက်ထိုးနှံလျက်ရှိသည်ကို တွေ့ရှိရသည်။

ကာကွယ်ဆေးထိုးနှံသည့်ပြည်သူများအား တာချီလိတ်(အခြေချ)စစ်ဗျူဟာ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဖေသက်သန်းနှင့် ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပထမအကြိမ်၌ တာချီလိတ်ခရိုင်တွင် ပြည်သူတစ်သောင်းနီးပါးခန့် ကာကွယ်ဆေးကို လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ယမန်နေ့က ကာကွယ်ဆေးထိုးနှံခဲ့သူများတွင် ယခင်ပထမအကြိမ် ထိုးနှံပြီးသူများ ၉၉၂ ဦး လာရောက်ထိုးနှံခဲ့ကြပြီးတစ်ကြိမ်မျှထိုးနှံခြင်းမပြုရသေးသူ ၂၈၇ ဦး လာရောက်ထိုးနှံခဲ့ကြရာ စုစုပေါင်း ၂၂၇၉ ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းနှင့် ကာကွယ်ဆေးကို ဧပြီလ ၁၂ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)