ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

တောင်ကြီး ဧပြီ

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များ အသီးသီးတွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအား ပထမအကြိမ်အဖြစ် မတ်လ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ လာရောက်ထိုးနှံလျက်ရှိပြီး ပထမအကြိမ်က မထိုးရသေးသည့် ဒေသခံပြည်သူနှင့် ဝန်ထမ်းများကလည်း လာရောက်ထိုးနှံလျက်ရှိကြောင်းနှင့် ဧပြီလ ၇ ရက်မှ ၁၂ ရက်နေ့ထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအပြင် တပ်မတော်ဆေးရုံ အသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများက ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)