လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းပို့ချ

လှိုင်းဘွဲ  ဧပြီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို ယနေ့ နံနက်(၈)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းသန်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်မှူးများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ စသည့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်သင်တန်းကို ဧပြီလ(၉)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၆၁)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)