မိုင်းယုမြို့၌ သင်္ကြန်ကာလ ရဟန်းခံနှင့် ရှင်ပြု အလှူတော်မင်္ဂလာပွဲကျင်းပ

 

 

မိုင်းယု ဧပြီ ၁၂

ရှမ်းပြယ်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် သင်္ကြန်ကာလအတွင်း အလှူရှင် ဒယိကာ/မများ စုပေါင်း၍ ရှင်သာမဏေနှင့် ဒုလဘ္ဘရဟန်းခံ အလှူတော်မင်္ဂလာပွဲကျင်းပ ဧပြီ ၁၁ ရက်နေ့၊ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရှင်သာမဏေရှင်လောင်းကိုးပါးနှင့် ရဟန်းခံမည့် ဒုလဘ္ဘ(၁၆)ပါးတို့ကို အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဗိုလ်မှူး လုတ်ချာနှင့် ဇနီး၊ ဗိုလ်မှူး ဇင်ရဲဋ္ဌေးနှင့် နှစ်ဖက်သော မိဘများအား အမှူးထား၍ တပ်ကြပ် မြင့်နောင်နှင့် မိသားစု၊ အလှူရှင်ဉပါသကာများက မြို့မရပ်ကွက်မှတစ်ဆင့် ဝမ်မိုင် မိုင်းလုံးကျေးရွာအထိ လှည့်လည်၍ နတ်ပြမင်္ဂလာများ ပြုလုပ်ခဲ့ကြသည်။

 

ယင်းနောက် ကျောင်းတိုက်အတွင်း ရှင်လောင်းကိုးပါးတို့ကို ရှင်သာမဏေလောင်းအဖြစ်သို့ ရောက်ရှိစေရန် မိုင်းယုထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရနှင့် ဆရာတော် အရှင်သူမြတ်တို့က သရဏဂုံ ပီပီသသ ရွတ်ဖတ်စေခြင်း၊ သင်္ကန်းတောင်းစေခြင်း၊ သင်္ကန်းစည်းပေးခြင်းနှင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ပြီး အလှူရှင်ဉပါသကာများက ဆရာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကာ စုပေါင်းရေစက်သွန်းချအမျှဝေခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)