မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်

 

 

မိုင်းယောင်း ဧပြီ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ပွဲကို ဧပြီ ၁၂ ရက် နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက လုပ်ငန်းများကို မိသားစုသဖွယ် စည်းစည်းလုံးလုံးနှင့် ပူးပေါင်းလုပ်ဆောင်ကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ နှစ်သစ်တွင် မိမိတို့ကြိုးစားထမ်းဆောင်သော ကြိုးပမ်းဆောင်ရွက်မှုနှင့် ပေးဆပ်ထားရှိသည့် စေတနာများနှင့်အညီ အကျိုးကျေးဇူးများ ပြန်လည်ရရှိ ခံစားကြပါစေကြောင်း စသည့် နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ ဒုတိယဦးစီးမှူး ဦးဟိန်းဇော်ဦးနှင့် တာဝန်ရှိသူများက မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၄၂ ဦးအား နှစ်သစ်ကူးလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း