ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁) တိုးချဲ့ ရပ်ကွက်၊ မဟာမြိုင်အိမ်ရာနှင့် တော်ဝင်အိမ်ရာမိသားစုများ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့တွင် ရပ်ကွက်နေပြည်သူများအား စတုဒိတာအဖြစ် ဆန် (၁)ပြည်၊ ပဲကုလားဟင်း၊ ငပိကြော်နှင့် ကြက်သွန်နီတို့ကို လှူဒါန်းခဲ့ကြသည်။
“မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်ကာလမှာ ရေဆော့ကစားတာ၊ စတုဒိတာများကျွေးမွေးလှူဒါန်းတာ၊ ကောင်းမှုကုသိုလ် ယူတာတို့ဟာ ချစ်စရာ ကောင်းတဲ့ ဓလေ့တစ်ခုဖြစ်တယ်” ဟု အဆိုပါစတုဒိတာလှူဒါန်းခြင်းကို ဦးဆောင်သူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်းလည်း အဆိုပါမိသားစုမှ စတုဒိတာများကို ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကောင်း စတုဒိတာအလှူပွဲဦးဆောင်သူထံမှ သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)