တောင်ပြိုလက်ဝဲ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်များနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်း မှစတင်၍ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ယခင်လဆန်းပိုင်း၌ ပထမအကြိမ် ထိုးနှံ သည့် ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ယခုဒုတိယအကြိမ်အဖြစ် ထိုးနှံ ပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ပထမ အကြိမ် အဖြစ်ထိုးနှံပေးရာ ယနေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးအား လာရောက် ထိုးနှံသူ စုစုပေါင်း ၁၁၈ ဦးရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်း သတ်မှတ်ချက်ပုံမှန်ရှိသူများသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီး မိနစ် ၃၀ ခန့် စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)