တံတားဦးမြို့နယ်တွင် ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းရရှိ

တံတားဦး  ဧပြီ  ၂၂

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ် ဘလဲ့ဘကျေးရွာ၌ ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရှိရသည်။

မြန်မာနိုင်ငံတွင် ကုန်စည်သယ်ဆောင်ရာ၌ ထန်းလျှော်တောင်းကိုသာ အသုံးများပြီး ထန်းကောက်တောင်း ဟုခေါ်သော ထန်းလျှော်တောင်းများကို နေရာဒေသမရွေး တွေ့မြင်ကြရသည်။

ထန်းလျှော်တောင်း ယက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ထန်းလျှော်များကို နှစ်မျိုးခွဲခြား ထားပါကြောင်း၊ ထိုနှစ်မျိုးမှာ တောလျှော်နှင့် အင်းဝလျှော်တို့ဖြစ်ကြောင်း ယခင်က တောလျှော်အပင်(၁၀၀)ကို ငွေကျပ်(၄၅၀၀) ပေးဝယ်ရပြီး အင်းဝလျှော် အပင်(၁၀၀)ကို ငွေကျပ်(၆၀၀၀)ပေးဝယ်ရကြောင်း သရက်သီး လှိုင်လှိုင်ထွက်မည့် ယခုအချိန်၌ ထန်းလျှော်တောင်း မှာယူသူများသောကြောင့် တောလျှော်ကို ငွေကျပ်(၆၀၀၀) နှင့် အင်းဝလျှော်ကို ငွေကျပ်(၉၀၀၀)အထိ ပေးဝယ်ရသည့်အတွက် ကုန်ကြမ်းဝယ်ယူရသည့်ဈေး အမှန်တွက်မရသည့်အတွက် ကုန်းကြမ်းဈေး ကျသည့်အချိန်၌ ထန်းလျှော်များကို ဝယ်ယူစုဆောင်းရပါကြောင်း တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာ ထန်းလျှော်တောင်း ယက်လုပ်သူ ဦးဇော်ခင်ထံမှ သိရသည်။

ထန်းလျှော်တောင်း ယက်လုပ်ရာတွင် တောင်း၏အရွယ်အစားပေါ်မူတည်၍ ပုံဖော်ယက်လုပ်ရပြီး၊ တောင်းများကို အကြမ်းတောင်းနှင့် အော်ဒါတောင်းဟူ၍ရှိပြီး အော်ဒါတောင်းမှာ ကျစ်လစ်သိပ်သည်းစွာ ယက်လုပ်ရပြီး အကြမ်းတောင်းမှာ အမြန်ယက်လုပ်၍ရပါကြောင်း၊ တစ်နေ့ကို တောင်းအသေးယက်လုပ်လျှင် တောင်းအလုံးရေ အများအပြားပြီးစီးပြီး တောင်းအလုံးပမာဏကြီးလျှင် တောင်းအလုံးအရေအတွက်လျော့နည်း ပါကြောင်း အော်ဒါတောင်း ယက်လုပ်သည့်အခါ တစ်နေ့လျှင်()လုံးပြီး၍ အကြမ်းတောင်းယက်လုပ်လျှင်(၁၀) လုံးအထိပြီးပါကြောင်း၊ တောင်းယက် လုပ်သည့်အခါတွင် တည်ပင်(၁၀)ပင်လျှင် ယက်ပင်(၁၁)ပင်ဝင်သည့်အခါရှိ သလို စုံကိုက်ဝင်သည့် အခါမျိုးလည်း ရှိပါကြောင်း တောင်းယက်လုပ်ခအနေဖြင့် တောင်းတစ်လုံးပြီးလျှင် ငွေကျပ်(၁၀၀၀)ကျပ်ရရှိပြီး တစ်နေ့ကိုအနည်းဆုံး ()လုံးအထိပြီးစီးသည့်အတွက် ဝင်ငွေကောင်းရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)