သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

သာစည် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများစုစုပေါင်း ၁၈၄၁ဦးတို့ကို ဧပြီ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍၊ ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)