စဉ့်ကိုင်မြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိ

စဉ့်ကိုင်      ဧပြီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်  စတင်ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉)နာရီက  စဉ့်ကိုင်မြို့နယ်   ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန  အစည်းဝေးခန်းမတွင် မြို့နယ်အတွင်းရှိ  အရာထမ်း၊ အမှုထမ်းများအား    ဆက်လက်ထိုးနှံပေး လျှက်ရှိကြောင်းသိရသည်။

ဒုတိယအကြိမ်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးကို    စဉ့်ကိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြ သည့်အရာထမ်း၊ အမှုထမ်းများအား    ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး   ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနက  ထုတ်ပြန်ထားသော   ညွှန်ကြားချက်များအတိုင်း   တစ်ကြိမ်လျှင်(၂၀)ဦးနှုန်းဖြင့်   ထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာတွင်   မြို့နယ်ကုသရေးဦးစီးဌာနမှူး   ဒေါက်တာအေးလွင်မှ  ဦးဆောင်ပြီး   ကျန်းမာရေး

ဝန်ထမ်းများက  ထိုးနှံပေးလျှက်ရှိရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်ထွန်း၊ ဗိုလ်မှူးပြည်ဖြိုး အောင်နှင့်အဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင်ကာကွယ်ဆေးထိုးနှံခြင်းမပြုမှီကျန်းမာရေးဝန်ထမ်းများက ကိုယ်အပှုချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စစ်ဆေးပြီးမှသာကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊  အသက်(၁၈)နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် စစ်ဆေးထားခြင်းမရှိသော

ကြောင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများသာထိုးနှံခွင့်ရရှိမည်ဖြစ်ပြီးကိုယ်ဝန်လွယ်ထားသူများအားကာကွယ်ဆေး

ထိုးနှံပေးမည်မဟုတ်ကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)