မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက်ကြည့်ရူစစ်ဆေး

မန္တလေး မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီမှ  စတင်၍ သွားရောက်ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်ကြည့်ရူစစ်ဆေးရာတွင်  မန္တလေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် ဦးဆောင်၍ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက်  မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း (ခရိုင်ပြန်/ဆက်)