ပဲခူး မေ ၈
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်အသင်းနှင့် နေလင်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထဆုရရှိသော ဇိုင်းတောင် ကလပ်အသင်းနှင့် တတိယဆုရရှိသော ရွှေကျင်ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်ကလည်း ကောင်း၊ ဒုတိယဆုရရှိသော ဒိုက်ဦးကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁) ဗိုလ်မှူးကြီး လှမျိုးရွှေကလည်း ကောင်း၊ အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသူ အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးမြို့နယ် နေလင်းကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒိုင်အဖွဲ့များကိုလည်း ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲအား တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှု (Mass Sports)၊ ထူးချွန် ထက်မြက် သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ (Excellent Sports) မွေးထုတ်ပေးနိုင်ရေး၊ ဒေသတွင်းမှ ထူးချွန်အားကစားသမားများအား မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ် နိုင်ရေး၊ ပဲခူးတိုင်းဒေသကြီးတွင် ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ကလပ်အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်ရာ အုပ်စု(၄)အုပ်စုခွဲ၍ မေလ(၅)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ပဲခူးမြို့ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)