နေပြည်တော် မေ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ကြက်ခြေနီကျင့်ဝတ် (၅၀) ရေးဖြေ ပြိုင်ပွဲကို ယနေ့နံနက် (၁၁ ) နာရီက အဆိုပါ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ကျင်းပရာ ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ မွန်းလွဲ(၁)နာရီတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲကျင်းပရာ နေပြည်တော် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦးက အမှာစကားပြောကြားပြီး ကမ္ဘာ့ကြက်ခြေနီများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်ပေးပို့သော သဝဏ်လွှာအား ဥတ္တရခရိုင် ကြက်ခြေနီကြီးကြပ်မ ကော်မတီ ဥက္ကဌ ဒေါ်မေကလျာဝင်းက ဖတ်ကြားသည်။ ထို့နောက် ကြက်ခြေနီကျင့်ဝတ်(၅၀)ရေးဖြေ ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများကဆုများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဥတ္တရခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)