မြိတ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကြက်ခြေနီအသင်းရုံးတွင် ကျင်းပခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင် များနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဉက္ကဋ္ဌမှ ပေးပို့သော ၂၀၂၁ ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးတင်မောင်ဆွေ ဖတ်ကြားပြီး ရန်ကုန်ဆေးရုံကြီး Covid 19 စင်တာတွင် တာဝန်ထမ်းဆောင်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Covid-19 ကာကွယ်ရေးလုပ်ငန်းများနှင့် လူမှုဂရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၄၇)ကြိမ်မြောက် သွေးအလှူရှင် နှင့် သွေးအလှူရှင် တပ်ဖွဲ့ဝင်များ၊ မိုင်းအန္တရာယ် အသိပညာပေး ကာတွန်းဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုလက်ဆောင်များနှင့် ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)