မအူပင် မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသွားလာရန်၊ သတ်မှတ်စည်းကမ်းများအား လိုက်နာနိုင်ရေးနှင့် မလိုက်နာသည့် ယဉ်များအား အရေးယူဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆန်းက စည်းကမ်းမဲ့ ယာဉ်လိုင်းများအား အရေးယူဆောင်ရွက်နိုင်ရန်နှင့် မကြာမီကျောင်းများ အပ်နှံ ဖွင့်လှစ်မည် ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် သွားလာချိန်များတွင် ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မအူပင်ခရိုင်အမှတ်(၈၂)ယာဉ်ထိမ်းရဲတပ်ဖွဲ့တပ်ဖွဲ့စုမှူးရုံးတာဝန်ခံ ဒုရဲမှူး သိန်းအေးက မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ပြည်သူများ သိရှိလိုက်နာသွားလာနိုင်ရန် ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ခိုင် ပြန်/ ဆက်(မအူပင်)