သာယာဝတီ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၈) မြို့နယ် အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က သာယာဝတီမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး သာယာဝတီမြို့နယ်အသင်းနှင့် နတ်တလင်းမြို့နယ် အသင်းများက စတင်ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ ကြသည်။ ဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူများနှင့် ပြိုင်ပွဲဝင်အသင်းများက ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မေလ ၉ ရက်မှ ၂၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)