ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအ

ဘားအံ မေ ၉

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ အဖွဲ့ဝင် (၃) ဦးရဲထွန်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ရပ်ကွက် ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် (၁၂၀ ပေ x ၉၀ ပေ) Steel Structure အမျိုးအစား လှိုင်းဘွဲမြို့နယ် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှု့စစ်ဆေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လှိုင်းဘွဲမြို့ အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် မြို့မကျောင်းဆရာတော်တို့အား သွားရောက်ဖူးမျှော် ကြည်ညိုပြီး ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်ပြည်သူဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အာဟာရ ဖြည့်စွက် အစားအစာများ ထောက်ပံပေးအပ်ခဲ့ကာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနှင့်ကုသရေးလုပ်ငန်းများအား စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသော လှိုင်းဘွဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောစိုးမင်းနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် လှိုင်းဘွဲမြို့အထက်တန်းကျောင်း ပန်းဝတ်မှုံ ပညာခန်းမ၌ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အထက-လှိုင်းဘွဲ ကျောင်းအုပ်ကြီးဦးစံဝင်းကြည်က ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျောင်းပြန်ဖွင့်နိုင်ရေး Face Shield နှင့် Mask များ၊ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်း၍ မည်သည့်အစိုးရတက်တက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းလျာထားချက်များ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ပေးအပ်ရာ စစ်ဗျူဟာ(အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်လေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က လက်ခံရယူ ခဲ့ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူး ဦးရဲထွန်းဦးက နိုင်ငံသားလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားကာ ပန်းခင်းစီမံချက်ဖြင့် လှိုင်းဘွဲမြို့(က) ရပ်ကွက်၊ ကစို၊ အောက်ရေပူ၊ သာယာကုန်းကျေးရွာများတွင် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ် (၉၃) ကတ်အား တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံဖြိုးရေးဆိုင်ရာလမ်း၊ တံတားလုပ်ငန်း လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာလိုလားချက်များ တင်ပြဆွေးနွေးမှုအပေါ် သက်ဆိုင်ရာဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

See translation