ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးနှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်

ပန်းတနော် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာပြီး သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီက မြို့အဝင်လူစည်ကားရာနေရာတွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask) များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)