(၆၇) ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ပွဲ သံတွဲမြို့၌ ကျင်းပ

သံတွဲ  မေ ၉

သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူပုဂ္ဂိုလ်များဆိုင်ရာ (၆၇) ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲမြို့ ဓမ္မဗိမ္မာန်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သံတွဲမြို့တရော်တောတိုက်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူတော်မူကြသည်။ ထို့နောက် မြိုနယ်သံဃနာယက ဒုတိယဥက္ကဋ္ဌ မြို့တော်ဦးဆရာတော်ထံမှ ဩဝါဒခံယူတော်မူကြကာ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ (၆၇) ကြိမ်မြောက်  ရခိုင်ပြည်နယ်အဆင့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်မြင် သူများအား စာအောင်ဆုများကို ခရိုင်သာသနာရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအောင်မျိုးသက် နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးကြရာ စာအောင်ဆုရရှိသူများက လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ (၆၇) ကြိမ်မြောက်  ရခိုင်ပြည်နယ်အဆင့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို သံတွဲမြို့နယ်မှ ၃၅ဦးဝင်ရောက်ဖြေဆိုရာ ၃၀ ဦးအောင်မြင်ခဲ့ပြီး ပြည်နယ်အဆင့် ထူးချွန်ဆု ၁၂ ဆုတွင် သံတွဲမြို့နယ် မှ ၉ ဆုရရှိခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်