လေးမျက်နှာ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက အောင်မင်္ဂလာစျေးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်နိုင်ရန် ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်းကာ နှာခေါင်းစည်း(Mask) များအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)