လှည်းကူး မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် တိုင်းညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ လှည်းကူးမြို့နယ်၊ ဇလုတ်ကြီး ကျေးရွာတွင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းအား ကွင်းဆင်းစစ်ဆေးရာ သင်တန်း နည်းပြဆရာမများနှင့် သင်တန်းသူများကို တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူးမှ ခရိုင်ရုံးနှင့်မြို့နယ် ရုံးဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဝန်ထမ်း တစ်ဦးချင်းစီ၏ အခက်အခဲများ တင်ပြမှုများအား ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)