ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် နှာခေါင်းစည်း (Mask) ကမ်ပိန်းပြုလုပ်

တာချီလိတ် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပြည်သူ့ဆေးရုံဟောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးပေါ်တွင် မေလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် နှာခေါင်းစည်း(Mask )ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များသည်နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားခြင်းမရှိသော ပြည်သူများအား Covid-19ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍နံနက် ၉ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် ကျင်းပခဲ့ရာ မြန်မာနိုငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်ထံမှ ပေးပို့လာသည့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏လူမှုဂရုနာလုပ်ငန်းများဆောင်ရွက်ရာတွင်အထောက်အကူပြုစေနိုင်ရေး အဆောက်အဦးမြေနေရာ (၈၀၆၀)ပေ လှူဒါန်းပေးခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်မှအမှာစကားပြောကြားခဲ့ပြီး သဝဏ်လွှာကိုမြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းမှဖတ်ကြားကာ မြေကွက်အလှူရှင် ဦးကျော်ဆန်းအား ဂုဏ်ပြုလက်မှတ်ကိုပြန်လည်ချီးမြင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)