ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က အဆိုပါဘုရား ဇရပ်အဆောင်(၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ရေတပ်ဆေးရုံ၊ ဆေးအဖွဲ့မှ ဘုရားပရဝဏ်ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများ၊ ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစု စုစုပေါင်း (၁၅၀) ဦးကို ကာကွယ်ဆေး မထိုးမီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ကြိုတင်ဆောင်ရွက်ပေးပြီး ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD) ကို တစ်ဦးချင်းစီ စနစ်တကျ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဧပြီလ(၉)ရက်နေ့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယနေ့တွင် ပြန်လည်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ ရေတပ်ဆေးရုံ၊ ဆေးအဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)