ဆိပ်ကြီးခနောင်တို မေ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက မြို့နယ်အတွင်း ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask များ မဖြစ်မနေတပ်ဆင်သွားလာ ရေးအတွက် ပြည်သူအများ သွားလာသည့် သင်္ဘောဆိပ်၊ သမ္ဗန်ဆိပ်နှင့် မြို့မဈေးတို့တွင် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူငယ် များမှ ကျန်းမာရေးအသိပညာပေးကြေညာခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်သွား ရေး၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေး ကြေညာရေး၊ လူစည်ကားရာနေရာများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေး ဗီနိုင်းပိုစတာများ တပ်ဆင်ဆောင်ရွက်ရေးနှင့် မြို့နယ်နေပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီတို့မှ မြို့နယ်အတွင်း ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှု အခြေအနေများ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)