မအူပင် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျင်းပပြုလုပ်သည့် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံဖြိုးရေးသင်တန်းကို ယမန်နေ့ နံနက် ၉နာရီက လေးအိမ်စုကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆန်းနှင့်အဖွဲ့ဝင်များ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနနေပြည်တော်(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးဦးဉာဏ်ဝင်းပိုင်၊ ဦးမိုးဆမ်း (နည်းပညာအကြံပေး) ဦးအောင်မြတ်ကျော် သင်တန်းရေးရာကျွမ်းကျင်သူနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းစိုးတို့ တက်ရောက်ကြပြီး မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆန်းကအဖွင့်အမှာ စကား ပြောကြားပါသည်။
ထို့နောက် သင်တန်းဆရာဦးအောင်မြတ်ကျော်နှင့် ဦးမိုးဆမ်းတို့က ကျေးလက်ဒေသဆိုင်ရာ လုပ်ငန်းရပ်များ၊ ခေါင်းဆောင်မှုအတတ်ပညာနှင့် စီမံခန့်ခွဲဆောင်ရွက်ခြင်းအစိမ်းရောင် ကျေးလက်ဒေသဖွံဖြိုးရေးပါဝင် ဆောင်ရွက်ရခြင်းများကို သင်တန်းပို့ချရာ လေးအိမ်စုကျေးရွာ အုပ်စုနှင့် စစ်ကိုင်းကျေးရွာအုပ်စုများက စိတ်ပါဝင်စားသူနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ သင်တန်းသား/သူ (၂၃)တက်ရောက်ကြပြီး သင်တန်းကာလမှာ(၁)ရက်တာဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
အောင်ခိုင်ပြန်/ဆက်(မအူပင်)