ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပေါင်းတည် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ကာ မြို့နယ် အားကစား ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ ဈေးဆိုင်နှင့် စားသောက်ဆိုင်ရောင်းချသူများ၊ ဒေသခံပြည်များ၊ စုစုပေါင်း(၄၇၃)ဦးတို့က လာရောက်ထိုးနှံကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)