ကျိုက်ဒုံ မေ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မေလ ၁၀ ရက်၊ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသက် ၁၈ နှစ်အထက် ဒုတိယအကြီမ် (Covid-19) ရောဂါကာကွယ်ဆေးထိုးနှံပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ (Covid-19 )ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် (အခြေချ) စစ်ဗျူဟာ(ကြာအင်းဆိပ်ကြီး) တပ်နယ်(Covid-19)ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့မှ ဆေးဗိုလ်ကြီး သန့်ဇင်ထွန်းနှင့်သူနာပြုများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ကြိမ်လျှင်(၁၂)ဦးနှုန်းဖြင့် ကျိုက်ဒုံမြို့တွင်နေထိုင်သည့်ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)