ရေကြည်မြို့နယ်၊ ရေနံသာစစ်ဆေးရေးဂိတ်နှင့် ငါးသိုင်းချောင်း(ရေနံသာ) - ဂွ လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး
May 13,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီ က ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ် (ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဖြတ်သန်းရာ စစ်ဆေးရေးဂိတ်တစ်ခု) သို့ သွားရောက်၍ လုံခြုံရေးစစ်ဆေးမှု အခြေအနေများ၊ COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန်၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။