ပြည် မေ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ပြည်မြို့နယ် ကြခတ် အုပ်စု ရွှေဝါမြေကျေးရွာတွင် မေ ၁၀ ရက်နံနက်ပိုင်းကစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေး သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် "သီးနှံများတွင်ရာသီအလိုက်ကျရောက်တတ်သော ပိုးမွှားများအန္တရာယ်မှ ကာကွယ် ထိန်းသိမ်းနည်း၊ မြေသြဇာများ အကြောင်း၊ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးနည်းစနစ်များအကြောင်း၊ ပိုးသတ်ဆေး သုံးစွဲရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ယူရီးယားနှင့်လက်ချားဆောင်ရွက်နည်းတို့နှင့် ဝက်၊ နွား၊ဆိတ်၊ ကြက်၊ ငါးနှင့် ပုစွန် မွေးမြူရေးဆိုင်ရာ အကြောင်းအရာများကို မေ ၁၀ရက်မှ ၁၄ရက်နေ့အထိ ငါးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အဆိုပါကျေးရွာမှ သင်တန်းသား ၄၀ဦး တက်ရောက်ကြောင်း ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)