သတင်းများ

ဘုရားသုံးဆူမြို့၌ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
May 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ အထကဘန်းယဉ်၊ အထကဆိုက်ခေါင်၊ အထကဆီဆိုင်ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင်ကျေးရွာတွင်းလမ်းနှင့်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကွင်းဆင်းစစ်ဆေး
May 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းမြင့်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၉)နာရီက ၂၀၂၂-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျှက်ရှိသော ကျောက်ဆောက်ကုန်း ကျေးရွာတွင်းလမ်းများနှင့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျိုက်ဒုံမြို့တွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
May 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသန့်ဇော်၊ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုတို့သည် ယနေ့ နံနက် ၁၀ နာရီက (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၅၃.၄၀၀)ကျပ်သန်းဖြင့် အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးလမ်းဘေး အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 13,2021
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်အားခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းလာသည့်အတွက်ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိ စေရန်ရည်ရွယ်၍     ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအချိန် အထိပြည်သူ များစာပေလေ့လာဖတ်ရှု နိုင်ရန်စာကြည့်တိုက်အား ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရ သည်။
မြန်အောင်၌ မြို့နယ်ပညာရေဦးစီးဌာနနှင့်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကျင်းပ
May 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ မြို့နယ်ပညာရေးဦးစီးဌာနနှင့်သာသ နာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 13,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်း မြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉:၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။
လယ်ဝေးမြို့နယ်အတွင်း ပြည်သူများအဆင်ပြေစွာသွားလာနိုင်စေရန်အတွက် AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်
May 13,2021
၂၀၂၀-၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း (အင်ဘုမီးပွိုင့်မှ အမှတ်(၁)ရပ်ကွက် ဆည်မြောင်းဘောင်အထိ) AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို မေလပထမပတ်မှစတင်၍ ဆောင်ရွက်လျှက် ရှိသည်။