လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မှုလုပ်ငန်း ၅၀ % ပြီးစီး

လှိုင်းဘွဲ မေ ၁၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်သည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (ငွေလုံးငွေရင်း)အသုံးစရိတ် (၂၉၇ ဒဿမ ၆ သန်း) ဖြင့် အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊ အမြင့်(၃၆)ပေရှိ တည်ဆောက်ခြင်းလုပ်ငန်းကို မြသီတာအောင် စိုးစိုး ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)