ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရေဝေရေလဲဧရိယာ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ် အသိပညာပေးဆွေးနွေး

လယ်ဝေး   မေ  ၁၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာပေးဆွးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မျိုးသန်း က ရေဝေရေ လဲဒေသတွင် မြေဆီလွှာထိန်းသိမ်းနိုင်ရေး သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းလုပ်ငန်း၊ ဒက္ခိဏခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး က သစ် တောဦးစီးဌာနမှ ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ တိုးချဲ့ပညာပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုး က သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖြင့် CF လုပ်ငန်းဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံ၏ ရေဝေရေလဲ ဧရိယာအတွင်းရှိ ပေပင်ကျေးရွာနှင့် ဥသျှစ်လှိုင်းကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် ပေပင် ကျေးရွာ၏ လက်ရှိဆောင်ရွက်လျှက်ရှိသည့် ဓလေ့အရ သီးနှံသစ်တောရောနှောစိုက်ပျိုး လိုသည့်ပုံစံ၊ အမျိုးအစားဖော်ထုတ်ခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ် အကျိုးရှိပုံများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ သစ်တောသုတေသန ဌာနနှင့် တိုးချဲ့ပညာပေးရေးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)