ကလော မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အသက် မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာရှိ ရွှေစာစီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်အေးက အပ်ချုပ်စက်သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် လွယ်အံ ကျေးရွာအုပ်စုရှိ၊ မြင်းက၊ အင်းပြင်၊ ကြေးကုန်း၊ ကျောက်တန်း ကျေးရွာ(၄)ရွာမှ သင်တန်းသူ(၃၀)ဦးတို့ကို သင်တန်းဆရာမ နှစ်ဦးဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းကာလကို (၁)လကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)