မော်လမြိုင် မေ ၁၃
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှတ် (၈၄၅-ခ) ကျိုက်ပက်အရှေ့ကွင်းတွင် တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က တစ်မြောင်းတစ်ဘောင် စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သီးနှံစိုက်ပျိုးထားရှိမှုအခြေအနေ၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ အကောင်အထည်ဖော် ကုန်ကျငွေနှင့် ဝင်ငွေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ကို မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တစ်မြောင်းတစ်ဘောင်စနစ် ဘက်စု ံစိုက်ပျိုးမွေးမြူရေးခြံတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ငါးမွေးမြူရေးလုပ်ငန်း၊ သီးနှံ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကြက်မွေးမြူရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် အဓိကသီးနှံ အဖြစ် ကျွဲကောသီး ကို စိုက်ပျိုးပြီး ငှက်ပျော၊ အုန်းမွှေး၊ မန်ဂျန်ရှားနှင့် ရာသီကာလတို ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုး ထားရှိရာ မွေးမြူရေးလုပ်ငန်းအနေဖြင့် သီးနှံဘောင်ကြားတွင် (ငါးမုတ်၊ ငါးကြင်း)ငါးမွေးမြူကာ အသားစားကြက်နှင့် နွားမွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ပြုလုပ်ရခြင်းမှာ လုပ်ကွက်ငယ်တောင် သူများ တစ်နှစ်ပတ်လုံး ဝင်ငွေရရှိစေရန်၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် လုပ်သား ရှားပါးသည့် ပြဿနာဖြေရှင်းနိုင်ရန်၊ စိုက်ပျိုးမြေများကို မွေးမြူရေးစွန့်ပစ်မြေဩဇာဖြင့် ပြန်လည်ပြုပြင် နိုင်ရန်၊ ဒေသထွက် ဘေးထွက်ဆိုးကျိုးနည်းသော စားသောက်ကုန်များ ပေါများလာစေရန်နှင့် ပြောင်းလဲ လာသော ရာသီဥတုကို လိုက်လျောညီထွေစေသော စိုက်ပျိုးမွေးမြူရေးစနစ် ထူထောင်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကတုံးပေါ်ကျေးရွာရှိ ပုဂ္ဂလိက ပိုင် စက်သုံးဆီ သိုလှောင်ရေးဆိပ်ကမ်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝေလင်းအောင်(ပြန်/ဆက်)