သတင်းများ

ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံပေး
May 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ထိုးနှံ‌ ပေး လျက်ရှိကြောင်း သိရှိရသည်။
တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးနှင့် တိုင်းရင်းကြက်များမွေးမြူ
May 12,2021
ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားခဲ့ သည့် ကာလမှစတင်ကာ တစ်ပိုင်တစ်နိုင်ငါးခူများမွေးမြူခြင်းနှင့် တိုင်းရင်းကြက်များ၊ ဘဲ၊ ကြက်ဆင် များမွေးမြူခြင်းများကို မွေးမြူဆောင်ရွက်ခဲ့ရာမှ အောင်မြင်အဆင်ပြေလျှက်ရှိပြီး ဆက်လက် တိုးချဲ့မွေးမြူကာ ဒေသအတွင်း ဈေးကွက်သွင်း ဆောင်ရွက်ရနရှိကြောင်း သိရသည်။
ထန်းတပင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အင်းယားကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းကို မေလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေကျေးရွာ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာပေး သင်တန်း ဖွင့်လှစ်
May 12,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေကျေးရွာတွင် မေ ၁၀ ရက် နံနက်ပိုင်းက စတင်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 12,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေ ၁၂ ရက်နေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများကို စုပေါင်းပြုလုပ် ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာတွင် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
May 12,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်မြို့နယ် ကျောင်ဆောင်စမ်းကျေးရွာ၌ ဆရာတော် ဦးရာဇိန္ဒဦးစီး၍ တပည့်စာသင်သား (၁၃) ပါးဖြင့် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများ ရဟန်း၊ သံဃာနှင့် မဝေးကွာစေရန်၊
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံ
May 12,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား နှင့် အသက် (၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား အသင်း အဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသည်။