သာပေါင်း မေ ၁၃
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ရွှေပြည်အေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်လေပြင်းတိုက်ခိုက်၍ ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အမှာစကား ပြောကြား ခဲ့ပြီး လေဘေးသင့်ကျေးရွာအုပ်စု ၁၂ အုပ်စုမှ အိမ်ထောင်စု ၈၃ လုံး အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး (၅၅၅၀၀၀၀/-) နှင့်လူဦးရေ ၃၇၆ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာအတွက် ရန်ပုံငွေကျပ် (၆၃၃၉၆၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၂၈ အိမ်ထောင်စာအတွက် (၉၇၅၈၈၄/-) တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဆိုပါ ထောက်ပံ့ပေးအပ်မှုမှာ မေလ ၆ ရက်နေ့က လေပြင်းတိုက်ခိုက်မှု ခံခဲ့ရသည့်သူများဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်