မြစ်ကြီးနား မေ ၁၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးကို မေ(၁၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် မြစ်ကြီးနားစုပေါင်းရုံးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြို့သစ်ကြီး၊ ဂျန်မိုင်ကောင်နှင့် KBC IDP Camp များမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူ (၈၁)ဦးအား ဥပဒေနှင့် အညီဆောင်ရွက်ပေးခဲ့သည်။
မြစ်ကြီးနားမြို့နယ်အတွင်း နေထိုင်ကြသည့်တိုင်ရင်းသားပြည်သူများနှင့်ဥပဒေအရ နိုင်ငံသားများအား ပန်ခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ (၃.၅.၂၀၂၁မှ ၃.၁၁. ၂၀၂၂)ထိ ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စုများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိခြင်း၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိသော်လည်း၊ လက်ရှိဒေသတွင်ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ကို ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)