သတင်းများ

ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများ စာပေအသိပညာတိုးပွားရေး ပြန်လည်ဖွင့်လှစ်
May 13,2021
ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်
ကော့ကရိတ်မြို့၌ မင်းကွတ်သီးအထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိ
May 13,2021
 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်​ကျေးရွာ၊ သသမိန်ဒွတ်ကျေးရွာ၊ ဝင်းကကျေးရွာအုပ်စု၊ ထီးစူးခီးကျေးရွာ တို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် မင်းကွတ်သီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိသည့်အတွက်  မင်းကွတ်သီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြဝတီ၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်
May 13,2021
အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
May 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 13,2021
ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ် ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက  ရုံးရပ်တောင်ရပ်ကွက်ရှိ အ.ထ.က (မင်းလှ)  တွင် ဆရာ၊ ဆရာမ များက ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ စာ​​ပေ​လေ့လာဖတ်ရှုနိုင်ရန် ပြန်လည်ဖွင့်လှစ်​ပေး
May 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ​ပြည်သူများ စာ​​ပေဖတ်ရှုလေ့လာနိုင်ရန်အတွက်​ ကျောက်တံတား မြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိ​ကြောင်း သိရသည်။