ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်

 

 

ရန်ကင်း မေ ၁၃

 

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်အားခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းလာသည့်အတွက်ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိ စေရန်ရည်ရွယ်၍     ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် နာရီခွဲမှ ညနေ ၄ နာရီ ခွဲအချိန် အထိပြည်သူ များစာပေလေ့လာဖတ်ရှု နိုင်ရန်စာကြည့်တိုက်အား ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရ သည်။

 

အဆိုပါပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊၊ဂျာနယ် စာစောင်နှင့်ကလေး များအကြိုက် ရုပ်ပြ စာအုပ်များ စုစုပေါင်း(၉၀၀၀) ကျော်ရှိပြီး မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ် ရှု့နိုင် ကြောင်း သိရသည်။

 

လှလှထွေး (ပြန်/ဆက်)