ကျိုက်ဒုံ မေ ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသန့်ဇော်၊ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုတို့သည် ယနေ့ နံနက် ၁၀ နာရီက (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၅၃.၄၀၀)ကျပ်သန်းဖြင့် အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးလမ်းဘေး အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်စီရေမြောင်းသည် ရေမြောင်းပေအရှည် ၂×(၉၆၀) ပေ၊ အကျယ်၂ ပေ၆လက်မ၊ အနက်၂ပေ ၆လက်မဖြစ်ပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် အမြန်ပြီးစီးနိုင်စေရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)