ဟုမ္မလင်းမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးရေး နည်းစနစ်အသိပညာပေးခြင်းနှင့် သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကျင်းပ

ဟုမ္မလင်း ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်ဝစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ငှက်ပျောပင်စိုက်ပျိုးရေးနည်းစနစ်အား အသိပညာပေးခြင်းနှင့် သရုပ်ပြစိုက်ပျိုးခြင်းကို ဇူလိုင်လ ၁၀ ရက်နံနက် ၈ နာရီအချိန်တွင် အဆိုပါအခြေခံပညာ အလယ်တန်းကျောင်းခွဲကျောင်းဝန်း၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက ငှက်ပျောပင် စိုက်ပျိုးရေးနည်းစနစ်နှင့် ရည်ရွယ်ချက်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ငှက်ပျောပင်သရုပ်ပြစိုက်ပျိုးခြင်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူး သန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ​​ပြည်သူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ​​ဒေသခံ​​ပြည်များက ဖီကြမ်း (၈၀) ပင်၊ ဝက်မလွတ် (၂၀) ပင် စုစုပေါင်း ငှက်ပျော်ပင် (၁၀၀) ပင်အား သတ်မှတ်နေရာများ၌ တစ်ပျော်တစ်ပါး ပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသော ဒေသခံပြည်သူများနှင့် ကျောင်းဆရာ/ဆရာမများကို ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ငှက်ပျောစိုက်ပျိုးနည်းပညာပေး စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)