သတင်းများ

ဝက်လက်မြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၁၂၀၀ ထံသို့ အခြေခံ စားသောက်ကုန်များ လက်ဝယ် အရောက်ဖြန့်ဝေ
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ အခြေခံစားသောက်ကုန် ၄ မျိုးကို ဝက်လက်မြို့နယ် အမှတ် ၂ ရပ်ကွက်နေ ဦးစောမောင်၊ ဒေါ်လှဝိုင်း မိသားစု တို့မှ မိမိတို့နေအိမ်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ စတင်၍ အိမ်ထောင်စု ၁၂၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများအတွင်း မှို့ကပ်ချိန် ပိုးမွှားကျရောက်မှုရှိ/မရှိ ကင်းထောက်မှတ်တမ်းကောက်ယူ
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချမ်းသာစိုက်ပျိုးနည်းပညာပြန့်ပွား‌ရေး စင်တာတာ၀န်ခံ ဦး‌အောင်ကျော်ဦးနှင့် ၀န်ထမ်းများသည် ယနေ့ နံနက် ၈ နာရီက မှို့ကပ်ချိန်မျိုး‌စေ့ ထုတ်မိုးစပါး စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Oct 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့ နယ်စက်မှုဇုန်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိ ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ (၁)နာရီမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယ အကြိမ်ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ကုတ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် ထုတ်စက်သစ်တစ်လုံး ထပ်မံရောက်ရှိ
Oct 02,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ၌ မြို့မိမြို့ဖများက ဦးဆောင်ကာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်၍ ရန်ကုန်မြို့စော်ဘွားကြီးကုန်းဝင်း ရွှေမေတ္တာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး သိရီသုဓမ္မမဏိဇောတဓရ ဦးခင်မောင်ဝင်း ဒေါ်စိုးမိုးသူမိသားစုမှ လှူဒါန်းခဲ့သော တစ်နေ့(40.L)လီတာဆန့်(၈၀)အိုးထွက်ရှိသည့်အောက်ဆီဂျင်ထုတ်စက်မှာဩဂုတ်လနောက်ဆုံးပတ်တွင်တစ်လုံးရောက်ရှိခဲ့ပြီးဩဂုတ်၃၁ရက်နေ့မှစတင်လည်ပတ်လျက်ရှိကာဆေးရုံ(၉)ရုံသို့အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီးယနေ့နံနက်တွင်နေလသစ္စာကားဖြင့်ဒုတိယအကြိမ်ကွန်တိန်နာအတွင်းတပ်ဆင်ပြီးစက်သစ်တစ်လုံးထပ်မံရောက်ရှိလာကြောင်းသိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး သေဆုံးပြီး ကိုဗစ်-၁၉ လူနာအသစ် ၁၆ ဦး စစ်ဆေးတွေ့ရှိ
Oct 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ၊ အမှတ်(၄)ရပ်ကွက်မှ အသက် ၇၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် အသက်ရှူကြပ်ကာ ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့ည ၁၀နာရီချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျက် ရှိရာမှ ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Oct 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ပြည်ကြီးမဏ္ဍိုင်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်အသက်(၁၈)နှစ်ပြည့်ပြီးသူအားလုံးကိုကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယနေ့နံနက်၉နာရီခွဲကပြည်သူ့ကျန်းမာရေးစင်တာတွင်တိုက်နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့များ၊စေတနာဝန်ထမ်းများ ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် ပြည်သူများအား စတုတ္ထအသုတ် ကာကွယ်ဆေး(ပထမနေ့) ထပ်မံထိုးနှံပေး
Oct 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ၂-၁၀-၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ စတင်၍ ပင်လုံမြို့ အထက(၁) ကျောင်း၌ ကိုဗစ်-၁၉ရောဂါ စတုတ္ထအသုတ် ကာကွယ်ဆေး (ပထမနေ့) ထပ်မံထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။