သတင်းများ

သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင်ကိုဗစ်-၁၉ ရောဂါဆိုင်ရာနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်
Oct 03,2021
သံတွဲခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် စိမ်းလန်းမြေကမ်းလက်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာနှင့် ပတ်သက်သည့် သင်တန်းကို ယမန်နေ့နံနက် ၉နာရီက အဆိုပါ ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးစာရင်း ရေးသွင်းနိုင်ရေးသင်ကြားဆွေးနွေး
Oct 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသက်၁၂နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေးအတွက် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ သင်ကြားဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၁နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော၌ ကမ္ဘာ့ဆရာများနေ့အကြို ဟောပြောပွဲ ကျင်းပ
Oct 02,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူပေါင်း၍၂၀၂၁ခု နှစ်၊ အောက်တိုဘာလ၅ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် "ဆရာကောင်းတပည့်"ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နေ့လယ်၁၁နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ ၌ကျင်းပခဲ့ သည်။
တနိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းရှိ သာသနာ့ဝန်ထမ်းများအား နှာခေါင်းတို့ဖတ်(RDT Test Kit)ဖြင့် ရောဂါပိုး အခမဲ့စစ်ဆေးပေး
Oct 02,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှ စ၍ မြို့ပေါ်သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် နှာခေါင်းတို့ဖတ်(RDT Test Kit) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုလအတွင်းထိုးနှံပေးမည်
Oct 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ယခုအောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံစားသောက်ကုန်များလှူဒါန်း
Oct 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ဆား၊ပဲ စသည့်အခြေခံ စားသောက်ကုန်များဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ၁ နာရီ က ရွှေတောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Oct 02,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး
Oct 02,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။