သတင်းများ

မယ်စဲ့မြို့နယ်တွင် အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Oct 03,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ဦးစိုင်းမိုးလွင်၊ ဒေါ်နန်းအိအိလှိုင် မိသားစုမှ မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အတွက် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ အသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 03,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ အသင်းအဖွဲ့များအား ကျွေးမွေးစရိတ် နှင့်စက်သုံးဆီစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄လမ်းနှင့်၁၅လမ်း ကြား၊ ၈၆လမ်းရှိ ကိုးခန်းဓမ္မာရုံ၌ ကျင်းပသည်။
ဟိုပန်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး ကြပ်မတ်ဆောင်ရွက်
Oct 03,2021
မော်တော်ဆိုင်ကယ်စီးနှင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ရည်ရွယ်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့လယ်အဝိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၊ အဖွဲ့ဝင်ဗိုလ်မှူးမျိုးဝင်းမောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်နိုင်မိုးတို့ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၂၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုရှိမရှိ ကြပ်မတ်စစ်ဆေးခဲ့ကြသည်။
ဟိုပန်မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် အနီးဝန်းကျင် ကျေးရွာများမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့  “ဖြူစင်မေတ္တာပရဟိတ”အသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း
Oct 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာပရဟိတအသင်းထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်
Oct 03,2021
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်‌ ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Oct 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့တော်ခန်းမ စုရပ်နေရာတွင် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အသက်(၁၈)နှစ် အထက်ပြည်သူ(၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်(၂)ရက်မြောက် ဆက်လက် ထိုးနှံပေး
Oct 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် (၂)ရက် မြောက် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက   နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။