သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေး ဆောင်ရွက်
Oct 03,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့သူကြီး ခွခုံပြင်(မူလွန်ကျောင်း)ရှေ့ အနီး လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီ အချိန်က  သတ်မှတ် စုရပ်နေရာတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး
Oct 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ချနိုင်ရန် မြိတ်မြို့နယ် ပပြင်ကျေးရွာ၌ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးလျက်ရှိ 
Oct 03,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်လာ နိုင်မှုများကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)မှဦးဆောင်၍ ပပြင်ကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။ 
မေတ္တာမြို့၊ ဖောင်းတောကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်
Oct 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများ ပြုလုပ်ပေးရန် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖောင်းတောကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းခန်းမ၌ အခြေပြု၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးမည်
Oct 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပြည်သူ့ဆေးရုံတွင်    အသက်(၂)လအရွယ်မှ (၁)နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို အောက်တိုဘာ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း (၁)ရက်လျှင် ကလေးငယ်ပေါင်း ၁၅၀ ကို  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေး
Oct 03,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့်မိသားစုဝင်များအား ယနေ့ နံနက်(၉)နာရီ ၃၀ မိနစ်မှ စင်၍ မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိ ရပ်ကွက်များ၊ အနီးဝန်းကျင်မှ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စကောကရင်၊ မြန်မာဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Oct 03,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများရှိခဲ့သဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကရင်တိုင်းရင်းသား လူမျိုးအများစု နေထိုင်ကြသည့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများသို့ သွားရောက်၍ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Oct 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အသက်(၅၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ မကူးစက်နိုင်သော ရောဂါရှိသော ဦးတည် အုပ်စုများကို အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ  ၁၂  နာရီအချိန် အထိ သတ်မှတ်စုရပ်နေရာများ၌ ပြည်သူ့ကျန်းမာရေးဌာနမှ  ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံ ပေးသွားမည်ကို ယနေ့န့နက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။