သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လူဦးရေ(၅၅၉၅)ဦး အထိ ထိုးနှံပြီးစီး
Oct 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ကာ အသက်(၄၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင် သော ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၁၉၈၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်
Oct 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူ (၁၉၈၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အသက်(၂)နှစ်အရွယ်ကလေးငယ်တွင်တွေ့ရှိ ပိုးတွေ့ရှိသူ (၁၀၁) ဦးထိရှိလာ
Oct 14,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ရောဂါပိုးတွေ့ရှိသူနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူ(၅)ဦးနှင့် ယခင် Positive Center တွင် ထားရှိသော(၁၅)ဦးတို့အား ကျန်းမာရေးဌာနတာဝန်ရှိသူများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၂၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ အသက် (၂၄) နှစ်အရွယ် အမျိုးသမီး (၁) ဦးနှင့် အသက် (၂) နှစ်အရွယ် ကလေးငယ် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် တတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Oct 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက်ဒေသခံ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများအားတတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်၌ ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြောင်းမြတံတား၏ ပေ(၃၀၀)အတွင်း ပါဝင်သွားသော သိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေး သိန်းပေါင်း(၂၈၀၀)ကျော်ပြန်လည်ပေးအပ်
Oct 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မြောင်းမြတံတား၏ ပေ(၃၀၀)အတွင်း ပါဝင်သွားသော သိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေးသိန်းပေါင်း (၂၈၀၀)ကျော် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် ဒူးရင်းယိုထိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Oct 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် ဒူးရင်းယိုထိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ငဖဲမြို့နယ် မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ
Oct 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးများ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မိုးရေများဝင်ရောက်လာပြီး မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ ယမန်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆည်ရေပြည့် အမှတ်ထက် ကျော်လွန်လာ၍ ရေကျော်ကျလျက်ရှိနေကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။