ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေး ဆောင်ရွက်

မောင်တော  အောက်တိုဘာ  ၃ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့သူကြီး ခွခုံပြင်(မူလွန်ကျောင်း)ရှေ့ အနီး လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီ အချိန်က  သတ်မှတ် စုရပ်နေရာတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့သူကြီး ခွခုံပြင် (မူလွန်ကျောင်း) ရှေ့အနီး လမ်းသွားလမ်းလာပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူ  အမျိုးသား(၄၂)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၅၄) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ နှင့်  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)