ကလေး အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အသက်(၅၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ မကူးစက်နိုင်သော ရောဂါရှိသော ဦးတည် အုပ်စုများကို အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန် အထိ သတ်မှတ်စုရပ်နေရာများ၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံ ပေးသွားမည်ကို ယနေ့န့နက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။
ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်စုရပ်များဖြစ်သည့် ကလေးမြို့ မြို့တော်ခန်းမနှင့် မြို့နယ်စုပေါင်းရုံးများတွင်ထိုးနှံပေးသွားမည်ဖြစ်ပြီး အောင်မင်္ဂလာ၊ အောင်သစ္စာ၊ အောင်ဇေယျ၊ အောင်မြေမာန်၊ အောင်မတ္တာ၊ ညောင်ပင်သာ၊ မြို့သာနှင့် မင်္ဂလာဥယျာဉ် ရပ်ကွက် များတွင် နေထိုင်သူများသည် မြို့နယ်စုပေါင်းရုံးတွင်လည်းကောင်း၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ တပ်ဦး သီတာ၊ သဇင်၊ စမ်းမြို့၊ တာဟန်း၊ တောင်ဇလပ်၊ တောင်ဖီလာ၊ ကြို့သုံးပင်၊ မြို့လှ၊ အင်ဒိုင်းကုန်းနှင့် လှိုင်သာယာရပ်ကွက်များတွင် နေထိုင်သူများသည် မြို့တော်ခန်းမတွင်လည်းကောင်း ကာကွယ်ဆေး များထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မောင်ကျော်